Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ နှမ်းနက်၊ နှမ်းဖြူ၊ ကြံ၊ ဆန်၊ ပဲနီကြား၊  ပဲယင်း၊ ဝါး Aluminium Ingot ငရုတ်သီး၊ ရွှေဖယုံသီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ပြီး ပို့ကုန်၏ငွေပမာဏမှာ ၅၂၄၁၃၆၄ ဒသမ ၈၉ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏမှာ ၄၅၃၅၉၇၅ ဒသမ ၁၇ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၇၀၅၃၈၉ ဒဿမ ၇၂ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ဆေးဝါးပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန် ကြမ်းပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ချည်ထည်များ၊ လယ်ထွန်စက်များ၊ ဓါတ်မြေဩဇာများ၊ သားရေ/သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သံပိုက်၊ မြက်ခင်းတု၊ Empty Cargo Container 45’ Feet နှင့် ဂေါ်ပြားများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏမှာ ၆၃၁၁၆၉ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏ ၄၉၂၈၀၆ ဒဿမ ၂ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၃၈၃၆၂ ဒဿမ ၈၀ ကန်ဒေါ်လာတန်ဖိုးပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရ ပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏ မှာ ၄၆၁၀၁၉၅ ဒဿမ ၈၉ ကန်ဒေါ်လာ ပိုမိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများ အရတွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၂၂ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၁၀ ဒဿမ ၅၆ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

          မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News